Monday, December 7, 2009

မြွေများနှင့် နားဆွဲများ

"ခက်ရင်း လျှာဆိုတာ သိလား"
"လျှာကို နှစ်ခွ ခွဲထားတာ ပြောတာလား"
"ဟုတ်တယ်လေ.. မြွေတို့၊ အိမ်မြောင်တို့လို လျှာမျိုးကို ပြောတာ။ တခါတလေမှာတော့ မြွေတို့၊ အိမ်မြောင်တို့နဲ့ မသက်ဆိုင်တဲ့သူတယောက်ဆီမှာ ရှိနေတဲ့ လျှာမျိုးပေါ့။"
သူက နှုတ်ခမ်းမှာ ခဲထားတဲ့ စီးကရက်ကို ဖယ်လိုက်ပြီး သူ့လျှာကို ထုတ်ပြတယ်။ သူ့လျှာထိပ်က သိသိသာသာ နှစ်ခွဖြစ်နေတာမှ မြွေရဲ့ လျှာအတိုင်းပဲ။ ကျွန်မ ကြည့်နေရင်း တွေဝေသွားတယ်။ သူ့ရဲ့ ညာဘက်လျှာဖျားလေးက စီးကရက်ကို ပိုင်ပိုင်နိုင်နိုင် ဖမ်းဆုပ်လိုက်တဲ့အချိန်မှာပေါ့။
"အိုး ..."
ဒီတကြိမ်ဟာ လျှာနှစ်ခွရှိတဲ့သူ တစ်ယောက်နဲ့ ကျွန်မ ပထမဆုံး တွေ့ဖြစ်တဲ့ အကြိမ်ပေါ့။
"မင်းလည်း လျှာနှစ်ခွဖြစ်အောင် လုပ်ကြည့်ပါလား" လို့ သူကပြောတော့ ကျွန်မလည်း အလိုလို ခေါင်းညိတ်မိလျက်သား ဖြစ်သွားတယ်။

လျှာနှစ်ခွဖြစ်အောင် လုပ်တဲ့သူတွေက များသောအားဖြင့် စိတ်ရူးပေါက်တဲ့သူတွေရဲ့ လုပ်ရပ်ပါ။ အဲလို လုပ်တာကို သူတို့တွေက ခနာကိုယ် ပြုပြင်မှုတခုအဖြစ် ခေါ်ဝေါ်ကြတယ်လေ။ ဒါပေမယ့် သူ့လျှာ နှစ်ခွဖြစ်အောင် လုပ်တာ ရှင်းပြတာကို ကျွန်မ အသေအချာကို နားထောင်နေမိတယ်။

No comments:

Post a Comment